Branch Associate

အောင်ပန်း (ရှမ်းပြည်နယ်) full_time
full_time

Vacancies

1

Experience

1+ years

Deadline

Feb 06, 2026

Job Description

ရုံးခွဲများ၏ နေ့စဉ် ငွေဝင်ငွေထွက်စာရင်းများ နှင့် ရုံးခွဲ၏ Administrative Function အတွက် ရုံးခွဲ မန်နေဂျာ၏ လက်အောက်တွင် အဓိက တာဝန်ယူဆောင်ရွက်ရမည့် ရာထူးအမျိုးအစား ဖြစ်ပါသည်။

Responsibilities

  • Cash Management
  • ငွေသွင်း/ငွေထုတ်လုပ်ငန်းစဉ်များကို တိကျစွာဆောင်ရွက်ခြင်းနှင့် ငွေစက္ကူအတုများ (သို့) ပျက်စီးနေသောငွေစက္ကူများကို မပါရှိစေရန် ငွေစက္ကူများအား ဂရုတစိုက်စစ်ဆေးခြင်း။
  • ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်ခြင်းနှင့် စနစ်တကျ၊ လုံခြုံစွာကိုင်တွယ် စီမံခြင်း။
  • နေ့စဉ်ငွေပိတ်ရေတွက်ချက်မှုများ ပြုလုပ်ခြင်းနှင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက အမြန်ဆုံး အစီရင်ခံခြင်း။
  • ငွေကြေးလည်ပတ်မှုအတွက် လုံလောက်သောငွေရှိနေစေရန် သက်ဆိုင်ရာဌာနများနှင့် ဆက်ဆံရေးကောင်းမွန်စွာ ထိန်းသိမ်းခြင်း။
  • Branch Support and Administration
  • ဧည့်သည်မှတ်တမ်းများ၊ ဝန်ထမ်းတက်ရောက်မှု၊ ရုံးပြုပြင်ထိန်းသိမ်းမှု ၊ သန့်ရှင်းရေးနှင့်လုံခြုံမှုကောင်းမွန်စေရန် စီမံခန့်ခွဲခြင်း။
  • စီမံခန့်ခွဲမှုလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ရုံးချုပ်သို့ အစီရင်ခံစာများတင်သွင်းခြင်း။
  • ရုံး၏ ကုန်ပစ္စည်းဝယ်ယူမှု၊ ပိုင်ဆိုင်မှုများနှင့် ရုံးသုံးပစ္စည်းများကို စီမံခန့်ခွဲခြင်း။
  • ရုံးအသုံးစရိတ်များနှင့် ဝန်ဆောင်မှုများအား အချိန်မီ ငွေပေးချေမှု သေချာစေရန် ဆောင်ရွက်ခြင်း။
  • အစိုးရရုံးများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် သဘောတူညီချက်များကို စီစစ်ခြင်း။
  • ရုံးချုပ်၏ ညွှန်ကြားချက်များနှင့်အညီ ရုံးခွဲယာဉ်မောင်း၊ သန့်ရှင်းရေးဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်းများအား ကြီးကြပ်ပေးခြင်း။
  • လိုအပ်သည့် စာရွက်စာတမ်းများအား အစီရင်ခံတင်ပြရာ၌ ကူညီဆောင်ရွက်ပေးခြင်းနှင့် ဌာနခွဲအစည်းအဝေးများ စီစဉ်ခြင်း၊ အစည်းအဝေးမှတ်တမ်းများပြုစုခြင်း။
  • ဌာနတွင်းလုပ်ထုံးလုပ်နည်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာအချက်အလက်များကို ထိန်းသိမ်းခြင်းနှင့် အစီရင်ခံခြင်း။

Requirements

  • ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
  • အသေးစားငွေကြေးနောက်ခံနှင့် စနစ်များအသုံးပြုခြင်း၊ စီမံခန့်ခွဲမှုနှင့် ဒေတာထည့်သွင်းခြင်းနယ်ပယ်တွင်အတွေ့အကြုံရှိလျှင် ပိုမို သင့်တော်ပါသည်။
  • ငွေကြေးစီမံမှုရေးရာ သို့မဟုတ် ဖောက်သည်ဝန်ဆောင်မှုအတွေ့အကြုံ (၁–၂) နှစ်ရှိသူ။
  • ဂဏန်းတွက်ချက်မှု ကျွမ်းကျင်ပြီး မှန်ကန်မှုနှင့် အသေးစိတ်အာရုံစိုက်နိုင်မှုရှိသူ။
  • ရုံးစီမံရေးရာနှင့် ပစ္စည်းဝယ်ယူရေးအခြေခံဗဟုသုတရှိသူ။
  • Microsoft Office (Word, Excel, PowerPoint) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
  • လူမှုရေးဆက်ဆံရေးကောင်းမွန်သူ။

Benefits

ဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ရရှိနိုင်မည့် လစဉ် Bonus/ Incentive များ
Mobile Phone Allowance များ လစဉ် ရရှိခြင်း
လုပ်ငန်းစွမ်းဆောင်ရည်မြှင့် Training များ စီစဉ်ပေးခြင်း
နေထိုင်ရန် အခက်အခဲရှိနေသည့် ဝန်ထမ်းများအတွက် နေစရိတ်/ အဆောင် စီစဉ်ပေးခြင်း
ရုံးချိန် မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့ များ နှင့် အစိုးရရုံးပိတ်ရက်များ၌ ပိတ်ရက်များ ရရှိခြင်း
လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် မော်တော်ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုတ်၊ Mobile Device၊ အစရှိသည်များကိုလည်း စီစဉ်ပေးခြင်း

Ready to Apply?

Submit your application before the deadline

Apply for this Position

Deadline: February 06, 2026