Senior Loan Officer/ Loan Officer

အောင်ပန်း (ရှမ်းပြည်နယ်) full_time
full_time

Vacancies

1

Experience

1+ years

Deadline

Feb 06, 2026

Job Description

ချေးငွေ တာဝန်ခံ ရာထူးဖြစ်သည့်အတွက် ချေးငွေ ဝန်ဆောင်မှုများ ပေးရန် အသင်းသားများအား စိစစ်ရွေးချယ်ပေးခြင်း၊ အသင်းသားများ၏ လုပ်ငန်းများအား လေ့လာ၍ ချေးငွေပမာဏများအား ညှိနှိုင်းဆုံးဖြတ်ပေးခြင်း၊ ချေးငွေပြန်လည်ကောက်ခံခြင်း၊ စုငွေများ လက်ခံခြင်းတို့ကို ဆောင်ရွက်ရမည့် ရာထူး အမျိုးအစား ဖြစ်ပါသည်။

Responsibilities

  • အသင်းသားများ နှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ၎င်းတို့လိုအပ်ချက် ပေါ်မူတည်၍ သက်ဆိုင်ရာ ထုတ်ကုန်များကို ဝန်ဆောင်မှုပေးရမည်။
  • ဈေးကွက် ဖော်ထုတ်ခြင်း၊ ချေးငွေနှင့် ဆက်စပ်လျက်ရှိသော ဝန်ဆောင်မှုများကို သုံးစွဲသူထံသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ရမည်။
  • မှန်ကန်သော ချေးငွေများဖြစ်ပေါ်စေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ချေးငွေ အကဲဖြတ်ခြင်းများအားဆောင်ရွက်ရမည်။
  • စုငွေနှင့် ပတ်သတ်သော ထုတ်ကုန်များကို အသင်းသားများထံသို့ ရှင်းပြခြင်း၊ ဈေးကွက်တိုးချဲ့ခြင်း၊ စုငွေလက်ခံခြင်းတို့ကို ဆောင်ရွက်ရမည်။
  • ချေးငွေ ထုတ်ချေးခြင်း၊ မိမိတာဝန်ယူထားသည့်အဖွဲ့များမှ ချေးငွေပေးဆပ်ရန် ပျက်ကွက်ခဲ့ပါက အချိန်မီပြန်လည်ရယူရန် ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်ရမည်။
  • လုပ်ငန်း၏ တိုးတက်မှုဖြစ်စဉ်များကို သက်ဆိုင်ရာအရာရှိထံ သတင်းပေးပို့နိုင်ရမည်။

Requirements

  • Microfinance အတွေ့အကြုံ အနည်းဆုံး ၁ နှစ် ရှိသူများ ဦးစားပေးပါမည်။
  • နေရာဒေသမရွေးသွားလာနိုင်၍ ဆိုင်ကယ်ကျွမ်းကျင်စွာမောင်းနှင်နိုင်ပြီး မောင်းလိုင်စင်ရှိသူ ဖြစ်ရမည်။
  • ကွန်ပျူတာအခြေခံတတ်ကျွမ်းသူဖြစ်ရမည်။

Benefits

ဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ရရှိနိုင်မည့် လစဉ် Bonus/ Incentive များ
Mobile Phone Allowance များ လစဉ် စီစဉ်ပေးခြင်း
လုပ်ငန်းစွမ်းဆောင်ရည်မြှင့် Training များ စီစဉ်ပေးခြင်း
နေထိုင်ရန် အခက်အခဲရှိနေသည့် ဝန်ထမ်းများအတွက် နေစရိတ်/ အဆောင် စီစဉ်ပေးခြင်း
ရုံးချိန် မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့ များ နှင့် အစိုးရရုံးပိတ်ရက်များ၌ ပိတ်ရက်များ ရရှိခြင်း
လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် မော်တော်ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုတ်၊ Mobile Device၊ အစရှိသည်များကိုလည်း စီစဉ်ပေးခြင်း

Ready to Apply?

Submit your application before the deadline

Apply for this Position

Deadline: February 06, 2026